မိမိသည် အလွန်အကြူး လောင်းကစားပြုလုပ်နေသည်ဟု ထင်ပါက မည်ကဲ့သို့ပြုလုပ်ရမည်နည်း။
SBOBET သည် လူမှုရေးတာဝန်သိသောဒိုင်အဖြစ် အခိုင်အမာရပ်တည်ပြီး၊ ကျွန်ုပ်တို့၏ကစားသမားများ အဆင်ပြေသာယာရေးသည် ကျွန်ုပ်တို့အတွက် အရေးအကြီးဆုံးဖြစ်သည်။ လောင်းကစားခြင်းကို စိတ်ပျော်ရွှင်ချမ်းမြေ့အောင် ဖျော်ဖြေပေးသောအရာအဖြစ် ကျေနပ်နှစ်ခြိုက်သင့်သော်လည်း ကစားသမားအနည်းစုအတွက် ပြဿနာတစ်ခုအဖြစ် အနှောင့်အယှက်ဖြစ်နိုင်ပါသည်။ SBOBET သည် ပြဿနာရှိနိုင်သော လောင်းကစားအတွက် အသိတရားကိုမြှင့်တင်ပေးရန်နှင့် ကျွန်ုပ်တို့၏ဂိမ်းများကို စိတ်မထိန်းနိုင်လောက်အောင် ကစားခြင်းအား ကာကွယ်ရန် ရည်ရွယ်ချက်ထားပါသည်။
တာဝန်သိသော လောင်းကစားခြင်းနှင့်ပတ်သက်သော အခြားသတင်းအချက်အလက်များအတွက် တာဝန်သိသောလောင်းကစားခြင်းဆိုသည်မှာအဘယ်နည်း။ ကို ဖတ်ပါ။
သင့်တွင် သင်၏လောင်းကစားခြင်းဗီဇကို ထိန်းချုပ်နိုင်သော အတွေ့အကြုံများရှိသည်ဟု ယူဆပါက SBOBET မှ သင့်အား အောက်ဖော်ပြပါ မိမိကိုယ်ကိုမိမိ အကူအညီပေးနိုင်သော ကရိယာများကို ဖတ်ရှုဆင်ခြင်နိုင်ရန် အထူးအားပေးပါသည်။
The self-exclusion feature allows you to self-exclude or restrict yourself from accessing your SBOBET account for a period of 7 days, 30 days or 90 days. Alternatively, you may request for permanent self exclusion by contacting our customer service at support@sbobet.com .
ဥပမာအားဖြင့် သင်သည် (၇) ရက်အတွက် ကိုယ့်ကိုကိုယ်ဖယ်ထုတ်ခြင်းလုပ်ဆောင်မှုကို ရွေးချယ်အသုံးပြုထားပါက ၄င်း (၇) ရက်အတွင်း သင်၏SBOBET အကောင့်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။
ကိုယ့်ကိုကိုယ်ဖယ်ထုတ်ခြင်းလုပ်ဆောင်မှုကို အသုံးပြုထားပါက ကိုယ့်ကိုကိုယ်ဖယ်ထုတ်ထားသော အချိန်ကာလကုန်ဆုံးရက် မတိုင်ခင်အထိ သင်၏SBOBET အကောင့်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။ ကိုယ့်ကိုကိုယ်ဖယ်ထုတ်ထားသောအချိန်ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် သင့်အကောင့်ကို အလိုအလျောက် ပြန်လည်သက်ဝင်အသုံးပြုနိုင်ပါသည်။
ကိုယ့်ကိုကိုယ်ဖယ်ထုတ်ခြင်းလုပ်ဆောင်မှုကို သက်ဝင်အသုံးပြုပုံကို သိရှိရန် ကိုယ့်ကိုကိုယ် ဖယ်ထုတ်ခြင်း လုပ်ဆောင်မှုကို မည်သို့အသုံးပြုရမည်နည်း။ကို ဖတ္ပါ။
- အလောင်းအစားဘတ်ဂျက်ဆိုသည့်လုပ်ဆောင်ချက်
အလောင်းအစားဘတ်ဂျက်ဆိုသည့်လုပ်ဆောင်ချက်သည် မည်သည့် ဆက်တိုက် (၇) ရက် အတွက်မဆို သင့်၏ စုစုပေါင်းလောင်းကြေးကို ကန့်သတ်နိုင်သည်။
ဥပမာအားဖြင့် အလောင်းအစားဘတ်ဂျက်ဆိုသည့်လုပ်ဆောင်ချက်ကို လောင်းကြေးပမာဏ (ဒေါ်လာ ၁၀၀)နှင့်ထည့်ခဲ့ပါလျှင် (၇) ရက်မတိုင်ခင်အတွင်း သင့်အား (ဒေါ်လာ၁၀၀) ထက် ပိုပြီး လောင်းကစားပြုလုပ်ခွင့်ပေးမည် မဟုတ်ပါ။
အလောင်းအစားဘတ်ဂျက်ဆိုသည့်လုပ်ဆောင်ချက်ကို သက်ဝင်အသုံးပြုပုံကို သိရှိရန် ကစားရန်အတွက် လောင်းကြေး ငွေပမာဏအကန့်အသတ် မည်မျှထားရမည်နည်း။ ကို ဖတ်ပါ။ - ဘဏ္ဍာငွေကန့်သတ်ခြင်းလုပ်ဆောင်မှု
ဘဏ္ဍာငွေကန့်သတ်ခြင်းလုပ်ဆောင်မှုကို အသုံးပြုပြီး သင်၏SBOBET အကောင့်သို့ အချိန်ကာလတစ်ခုအတွက် ပေးသွင်းမည့် အများဆုံးငွေပမာဏကို ကန့်သတ်နိုင်ပါသည်။ သင်သည် နေ့စဉ်(သို့မဟုတ်) ၇ရက် (သို့မဟုတ်) ၃၀ရက် အတွက် အများဆုံးသွင်းငွေပမာဏများကို ထည့်သွင်းနိုင်သည်။
ဥပမာအားဖြင့် ဘဏ္ဍာငွေကန့်သတ်ခြင်းလုပ်ဆောင်မှုကို နေ့စဉ် ကန့်သတ်သွင်းငွေပမာဏ (ဒေါ်လာ ၁၀၀)နှင့်ထည့်ခဲ့ပါလျှင် သင့်အား နေ့စဉ် (ဒေါ်လာ ၁၀၀)ထက် မပိုသော ငွေပမာဏကိုသာ သွင့်ခွင့်ပြုမည်ဖြစ်ပါသည်။
ဘဏ္ဍာငွေကန့်သတ်ခြင်းလုပ်ဆောင်မှုကို သက်ဝင်အသုံးပြုပုံကို သိရှိရန် မိမိ၏SBOBET အကောင့် သို့ ပေးသွင်းရန် ဘဏ္ဍာငွေပမာဏကို မည်သို့ ကန့်သတ် နိုင်သနည်း။ကို ဖတ်ပါ။ - ကူညီထောက်ပံ့ပေးသောအဖွဲ့အစည်းများ
သီးသန့်အကူအညီအတွက် (သို့မဟုတ်) အကြံဥာဏ်နှင့်အထောက်အပံ့ပေးနိုင်သောပုဂ္ဂိုလ်နှင့် ပြောဆိုမေးမြန်းနိုင်ရန် GamCare (၀၈၄၅ ၆၀၀၀ ၁၃၃) ကို ဆက်သွယ်နိုင်ပါသည်။ (သို့မဟုတ်) Gambling Therapy စာမျက်နှာသို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။