မိမိ၏ SBOBET အကောင့်ထဲသို့ NETELLER(1-Pay) အကောင့်တစ်ခုဖြင့် ငွေသွင်းရန်အတွက် NETELLER(1-Pay) အကောင့်ရရှိရန် မည်သို့ မှတ်ပုံတင်ရမည်နည်း။

NETELLER (1-PAY) သည် အီလက်ထရောနစ်ပိုက်ဆံအိတ်အဖြစ် ငွေကြေးပမာဏသိုလှောင်ပေးသော ဝန်ဆောင်မှုဖြစ်ပြီး ထိုအကောင့်ဖြင့်  သင်၏ငွေများကို သွင်းနိုင်၊ ထုတ်နိုင်၊ လွှဲပြောင်းပေးနိုင်သည်။

NETELLER (1-Pay)စာရင်းတွင် မှတ်ပုံတင်ရန်အတွက် ကျေးဇူးပြု၍ အောက်တွင်ဖော်ပြထားသည့်အတိုင်း အဆင့်ဆင့် ဆောင်ရွက်ပါ။

  1. www.1-pay.com ဝက်ဘ်ဆိုက်သို့သွားပါ။ ပြီးလျှင် Join now ခလုတ်ကိုနှိပ်ပါ။
  2. သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ဖြည့်၍ Continue ခလုတ်ကိုနှိပ်ပါ။
  3. သင်၏ အီးမေးလ်နှင့်ဆက်သွယ်ရန် လိပ်စာအပြည့်အစုံကို ဖြည့်၍ဆက်လက်ဆောင်ရွက်ရန် Continue ခလုတ်ကိုနှိပ်ပါ။
  4. ကျား/မ ရွေးပါ။ မွေးသက္ကရာဇ်ကိုရွေးပါ။ ပြီးလျှင် ဆက်လက်ဆောင်ရွက်ရန် Continue ခလုတ်ကိုနှိပ်ပါ။
  5. သင်၏ လုံခြုံရေးဆိုင်ရာအချက်အလက်များကိုဖြည့်ပါ။ NETELLER(1-PAY) ၏ စည်းမျဉ်းစည်းကမ်းများကို သဘောတူလက်ခံကြောင်း သေချာစေရန် Terms of Use ဟုရေးထားသော  checkbox ရွေးပါ။
  6. ဆက်လက်ဆောင်ရွက်ရန် Finish ခလုတ်ကိုနှိပ်ပါ။
  7. သင်၏ အချက်အလက်များမှန်/မမှန်စစ်ဆေးပြီး အတည်ပြုပါ။

    သင်၏ အချက်အလက်များကို ပြင်ဆင်လိုလျှင်  Edit Information ကိုနှိပ်ပါ။

  8. ဆက်လက်ဆောင်ရွက်ရန် Finish ခလုတ်ကိုနှိပ်ပါ။
  9. မှတ်ပုံတင်မှုအောင်မြင်သည်နှင့် တပြိုင်နက် သင်၏ လော့ဂ်အင် (login) နှင့် အကောင့်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သင့်အီးမေးလ်သို့ ပို့လိမ့်မည်။ အီးမေးလ်တွင် ပါသော လော့ဂ်အင် (login) လင့်ခ်(link)ကို နှိပ်ခြင်းဖြင့် သင်၏ 1-PAY အကောင့်သို့ ဆိုင်းအင်(sign in) ဝင်နိုင်ပြီဖြစ်သည်။

သင့် 1-PAY အကောင့်သို့ လော့ဂ်အင် (login) ဝင်ရန်နှင့် စီမံနိုင်ရန်အတွက် ကျေးဇူးပြု၍ အောက်တွင်ဖော်ပြထားသော အဆင့်များအတိုင်း ဆောင်ရွက်ပါ။

  1. www.1-pay.com ဝက်ဘ်ဆိုက်သို့သွား၍ သင်၏ အီးမေးလ်, လုံခြုံရေးအိုင်ဒီ (secure ID) နှင့် လျှို့ဝှက်နံပါတ်(Password) များကို မင်ဘာဆိုင်းအင် (Member Sign-In) တွင် ဖြည့်ပါ။

    လုံခြုံရေးအိုင်ဒီ (secure ID) နှင့် အသေးစိတ်အချက်အလက်များကို သင့်အီးမေလ်းအတွင်းသို့ သင်၏ မှတ်ပုံတင်မှု အောင်မြင်ပြီးနောက် ပို့ထားပြီးဖြစ်သည်။

  2. ဆက်လက်ဆောင်ရွက်ရန် ဆိုင်းအင် (Sign In) ခလုတ် ကိုနှိပ်ပါ။

ကျွနု၏ လုပ်ဆောင်ချက်မှတ်တမ်း

ကျွနု၏ လုပ်ဆောင်ချက်မှတ်တမ်း စာမျက်နှာသည် သင်၏ ယခင်က ဆောင်ရွက်ခဲ့သော ငွေသွင်း/ ငွေထုတ်ကိစ္စများကို ပြန်လည် ကြည့်ရှုခွင့်ပေးသည်။ ၎င်းတို့ကိုယနေ့မှ လွန်ခဲ့သည့် (၁၀) ရက်အထိ သင်ဆောင်ရွက်ခဲ့သည်များကို (သို့မဟုတ်) ယခုလအတွင်း ဆောင်ရွက်ခဲ့သည်များကို ရွေးချယ်ကြည့်ရှုနိုင်သည်။

ငွေသွင်းခြင်း

ငွေသွင်းခြင်း စာမျက်နှာတွင် သင်၏ ငွေကြိုသွင်းကဒ် (debit card) ကိုသုံး၍ 1-Pay စာရင်းသို့ ငွေသွင်းနိုင်သည်။ ထိုသို့ ငွေသွင်းရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း ဆောင်ရွက်ပါ။

  1. 1-Pay အကောင့်သို့ ဆိုင်းအင် (Sign in) လုပ်ပါ။ ငွေသွင်းနိုင်သော စာမျက်နှာသို့ရောက်ရန် Deposit ခလုတ်ကို နှိပ်ပါ။
  2. ငွေကြိုသွင်းကဒ် (debit card) ကိုရွေးပါ။ ပြီးလျှင် ဆောင်ရွက်ပေးနိုင်သောဘဏ်များစာရင်းကို ဖော်ပြလိမ့်မည်။
  3. မိမိနှစ်သက်ရာဘဏ်ကိုရွေးချယ်ပါ။

    သင်ရွေးချယ်သော ဘဏ်သည် အင်တာနက်မှ ဘဏ်လုပ်ငန်းဆောင်ရွက်ပေးနိုင်သောဘဏ် (online banking service) ဖြစ်ကြောင်း သေချာရန်လိုအပ်ပါသည်။

  4. သွင်းလိုသောငွေပမာဏကို ထည့်ပါ။ ဆက်လက်ဆောင်ရွက်ရန်အတွက် Continue ခလုတ်ကိုနှိပ်ပါ။
  5. သွင်းငွေပမာဏကို သေချာစွာစစ်ဆေးအတည်ပြုပါ။ ဆက်လက်ဆောင်ရွက်ရန်အတွက် Continue at payment processor ခလုတ်ကိုနှိပ်ပါ။
  6. အင်တာနက်မှ ဘဏ်လုပ်ငန်း(online banking) စာမျက်နှာတွင် ဘဏ်နှင့်ဆိုင်သောလိုအပ်သည့် အသေးစိတ် အချက်အလက်များကို ဖြည့်ပါ။

    အင်တာနက်မှ ဘဏ်လုပ်ငန်း (online banking) စာမျက်နှာသည် သင်ရွေးချယ်သော ဘဏ်ပေါ်မူတည်ပြီး ဖော်ပြခြင်းဖြစ်သည်။

  7. သင် သွင်းလိုသောငွေပမာဏ နှင့် လျှို့ဝှက်နံပါတ် (Password)ကို သေချာစွာစစ်ဆေးပြီး အတည်ပြုပါ။
  8. အကယ်၍သင်၏ ငွေသွင်းမှု အောင်မြင်လျှင် အတည်ပြုသော စာမျက်နှာတွင် သင်ပေးသွင်းသော ငွေပမာဏ၊ ငွေသွင်းသည့် ရက်စွဲ နှင့် ငွေသွင်း/ငွေထုတ် အိုင်ဒီ ကိုဖော်ပြလိမ့်မည်။

    ငွေသွင်း/ငွေထုတ် အိုင်ဒီနှင့်ငွေသွင်းသည့်ရက်စွဲသည် နောင်လိုအပ်သည့်အခါတွင် ပြန်လည် အသုံးပြုရန်ဖြစ်သည်။

အခြားအကြောင်းအရာများ

  • ငွေထုတ်ခြင်း - သင်၏ 1-PAY စာရင်းမှ ငွေထုတ်ခွင့်တောင်ခံနိုင်သည်။
  • ငွေလွှဲပြောင်းခြင်း - Transferring Funds စာမျက်နှာ မှတဆင့် ငွေများကို လွှဲပြောင်းပေးပို့နိုင်သည်။
  • ကျွန်ုပ်၏အကောင့် - ကျွန်ုပ်၏အကောင့် (My Account) တွင် သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကြည့်နိုင်၊ ပြင်ဆင်နိုင်ပြင်ဆင်နိုင်သည်။ ဥပမာ-ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ။
  • လော့ဂ်အောက် (Log Out) - 1-PAY စာရင်းမှ လော့ဂ်အောက်(Log Out) ဖြင့် ထွက်နိုင်သည်။